Friday, October 5, 2012

ဓမ္မဂုတ္တိကတို့၏ရည်ရွယ်ချက်

ဓမ္မော ဟဝေ ရက္ခတိ ၊ ဓမ္မစာရိံ- ဆိုတဲ့အတိုင်း တရားကျင့်သူကို တရားတော်က ပြန်လည်စောင့်ရှောက်သည်မှာ သဘာဝပင်ဖြစ်ပေသည်...
သစ္စာတရားကို ထုတ်ဖော်ပြသသော တရားတော်သည် လွယ်ကူစွာပေါ်ထွန်းလာခဲ့သည်မဟုတ်ပေ.
 ယောင်္ကျားမြတ်တဦး၏ ပါရမီတော်တို့ကို ကမ္ဘာသင်္ချေကြာအောင် ဆင်းရဲပင်ပန်းစွာ
 ဖြည့်ဆည်းခဲ့ခြင်းကြောင့်သာ ပေါ်ထွက်လာသော အသီးအပွင့်ဖြစ်ပေသည်..
ယခု ကျွန်ုပ်တို့သည် တန်ဖိုးကြီးမားလှစွာသော ထိုတရားတော်မြတ်ကို စောင့်ရှောက်ရန်အတွက် ကြိုးစားအားထုတ်ကြကုန်အံ့.....